“၀က်ခြံအတွက် အသင့်တော်ဆုံးနဲ့ အဆိုးဆုံးအစားအစာတွေ”
အစားအသောက်သက်သက်ဟာ ဝက်ခြံတွေကို ဖြစ်စေတာ၊ ဒါမှမဟုတ် ကာကွယ်နိုင်တာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဝက်ခြံဖြစ်စေတဲ့နေရာမှာ မျိုးရိုးဗီဇ၊ လူနေမှုပုံစံ စတာတွေ ပါဝင်ပတ်သက်နေသလို အစားအသောက်တွေဟာလဲ အနည်းငယ်သက် ရောက်မှုရှိနိုင်တာဖြစ်ပါတယ်။ နို့ နို့အများကြီးသောက်လေလေ ဝက်ခြံဖြစ်နိုင်ခြေပိုများလေလေ ဖြစ်ပါတယ်။ အထူးသဖြင့် မလိုင်ထုတ်ပြီး နွားနို့တွေဖြစ်ပါတယ်။ နွားနို့မှာပါတဲ့ ဟော်မုန်းတွေကြောင့် ဝက်ခြံပိုဖြစ်သလားဆိုပြီး ယူဆချက်တွေရှိပါတယ်။ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တချို့ သင်စားသောက်တဲ့ အစားအသောက်တွေထဲမှာ ဆိုဒါ၊ ပေါင် မုန့်၊ ဆန်၊ ကိတ်မုန့် စတာတွေ များတယ်ဆိုရင် ဝက်ခြံဖြစ်နိုင်ခြေပိုများပါတယ်။ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်တွေဟာ သွေးထဲကို အလွယ်တကူရောက်သွားပြီး အဲဒီသွေးထဲကသကြားဓာတ်ကို လျော့ကျစေဖို့ ကိုယ်ခန္ဓာကထုတ်လုပ်ပေးတဲ့ အင်ဆူလင်ဟာ အရေပြားမှာ အဆီထုတ်လုပ်ပေးတဲ့ အခြားသောဟော်မုန်းတွေကို ထွက်စေနိုင်လို့ ဖြစ်ပါတယ်။ ချောကလက် ချောကလက်များများစားတဲ့ သူတွေမှာ ဝက်ခြံပိုထွက်နိုင်ခြေရှိတယ်ဆိုတဲ့ သုတေသနအချို့ရှိပါတယ်။ ဘာကြောင့် ဝက်ခြံပိုထွက်တယ်ဆိုတဲ့အချက်ကိုတော့ သေချာမသိကြသေးပါဘူး။ ချောကလက်မှာပါဝင်တဲ့ ကိုကိုးကြောင့်...